လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၉-၄-၂၀၂၀)ရက်နေ့ ညနေ(၀၆:၀၀) နာရီမှစ၍ မုံရွာမြို့နယ်၊ ချမ်းမြဝတီရပ်ကွက်၊ သလ္လာမြို့သစ်ရပ်ကွက်၊ မြဝတီရပ်ကွက်၊ သလ္လာရပ်ကွက်၊ ဘုန်းစိုးရပ်ကွက်၊ ချမ်းမြသာစည်ရပ်ကွက်၊ သာစည်ရပ်ကွက်၊ ရတနာပုံရပ်ကွက်၊ လယ်တီရပ်ကွက်၊ ရန်ကင်းရပ်ကွက်နှင့် ရှောက်ခါးရပ်ကွက်များတွင်COVID-19 ရောဂါကူးစက်မှု မပြန့်ပွားရေးအတွက် ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးနှိုးဆော်ခြင်းများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_apr 2020