ရွှေကူမြို့နယ်၊ IDPs စခန်းများအတွင်း COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဆပ်ပြာတောင့်များ ဖြန့်ဝေပေးမှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀) ရက်နေ့ နံနက် (၀၈:၀၀)နာရီအချိန်တွင် ရွှေကူမြို့နယ်၊ ကက်သလစ် IDPs စခန်းအတွက် ဆပ်ပြာ(၄၂)တောင့်နှင့် နှစ်ခြင်း IDPs စခန်းအတွက် ဆပ်ပြာ(၈၄)တောင့်၊ စုစုပေါင်း IDPs စခန်း (၂)ခုကို ဆပ်ပြာများဖြန့်ဝေပေးခဲ့ပြီး စခန်းများအတွင်းသို့ လှည့်လည်၍ COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

#ar
#kcn_apr2020

Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events