လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀)နာရီအချိန်မှ (၁၇:၃၀)နာရီအချိန်အထိ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း၌ ယာဉ်အဝင်/အထွက်များတွင် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_apr2020
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)