လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၆:၀၀)နာရီအချိန်အထိ ကသာမြို့နယ်၊ မြေနုကျေးရွာအုပ်စု၊ မြေနုကျေးရွာ၊ တုတ်ကြီးကျေးရွာအုပ်စု၊ တုတ်ကြီးကျေးရွာ၊ သံပုရာကုန်းကျေးရွာ၊ ရေနီကျေးရွာ၊ အေးချမ်းသာကျေးရွာနှင့် အထက်ဝဲကြီးအုပ်စု၊ အထက်ဝဲကြီးကျေးရွာ၊ ရွှေပြည်သစ်ကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_apr2020
Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)