COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ကရုဏာသုခကျန်းမာ ရေးစောင့်ရှောက်မှုအသင်းတို့နှင့်ပူးပေါင်း၍ (၁၀-၄-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီမှ(၁၃:၀၀)နာရီအထိ မိုးမိတ်မြို့နယ်၊ နမ့်ဖွတ်အုပ်စု၊ နမ့်ဖွတ်ကျေးရွာနှင့် နမ့်ဥမ္မာကျေးရွာတို့တွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန် လိုအပ်ချက် များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း နှင့် အသိပညာပေးဗွီနိုင်းပိုစတာဆိုင်းဘုတ်များကပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။
#ar
#shn_apr2020
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events