(၉-၄-၂၀၂၀)ရက်နေ့ (၁၄:၃၀)အချိန်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ မန်ကတ်ကျေးရွာအုပ်စု၊ ဝိန်းစုံကျေးရွာနေ ဒေါ်နိုင်ထွမ်း၊ တောင်ယာလုပ်ကိုင်သူ၏ (၂၀x၁၀)ပေ၊ သွပ်မိုး၊ ထရံကာ နေအိမ် (၁) လုံး မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၁)လုံးပျက်စီးခဲ့ပြီး တန်ဖိုးငွေ (၁,၂၀၀,၀၀၀) ကျပ်ဆုံးရှုံးခဲ့ရာ အဆိုပါမီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး (၁) စု စာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက် စာ(၁၀,၅၀၀) ကျပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန်ကတ် ကျေးရွာအုပ်စုစာရေးအား (၁၀-၄-၂၀၂၀) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)