ဧပြီ ၁၀၊ နေပြည်တော်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် ပြည်သူများကြား အသိပညာပေး လုပ်ငန်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ဝန်ထမ်းများ၊ အဆိုပါဝန်ထမ်းများနှင့်အတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော လူမှုအဖွဲ့အစည်းများ အသုံးပြုနိုင်ရန်အတွက် Aries Elan Co.,Ltd က Surgical Mask အခု(၅,၀၀၀) ၊ Hand Gel (၅)လီတာဝင်(၄)ပုံးနှင့် Surgical Glove ဗူး(၂၀) တို့ကို ယနေ့ မွန်းလွဲပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
#hl1
#npw_apr2020
Source: MSWRR