လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ နန့်ယားကျေးရွာအုပ်ချုပ်ရေးမှူး၊ စေတနာမွန်လူမှုကူညီရေးအသင်းတို့နှင့်ပူးပေါင်း၍ (၁၀-၄-၂၀၂၀)ရက်နေ့ (၁၀၀၀)ချိန်၌ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ နန့်ယားကျေးရွာတွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များအား သိရှိစေရန်အတွက်အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#kcn_apr2020