လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ (၉-၄-၂၀၂၀)တွင် ကောလင်းမြို့နယ် ကုက္ကိုကုန်းအုပ်စု၊ ကုက္ကိုကုန်းရွာ၊ညောင်ကုန်းရွာ၊ ပေပင်ချောင်ရွာ၊ ခွင်တောင်းအုပ်စု၊ ခွင်တောင်းရွာ၊လက်ပံကွေ့ရွာ၊ ယောမြေနီရွာ၊ စိတ္တူရွာ၊ ကျွန်းလှခုံရွာ၊ ဇီးဖြူပင်ရွာတို့တွင် Covid-19နှင့်ပတ်သတ်၍ အများပြည်သူအလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်များကို အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#sgg_apr2020
Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)