ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ​ ​ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူ မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀)ရက်နေ့ နံနက် (၀၈:၀၀) အချိန်မှ (၁၃:၀၀) အချိန်အထိ လူငယ်ရေးရာကော်မတီ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးနှင့်အတူပူးပေါင်း၍ ​ထိန်ကန် ကျေးရွာအုပ်စုရှိ ​ထိန်ကန်ကျေးရွာ၊ တမာချောင်ကျေးရွာနှင့် ခတက်ကုန်းကျေးရွာ၊ ဂွေးပင်ကျေးရွာအုပ်စုရှိ ဂွေးပင်ကျေးရွာနှင့် ထန်းပင်ချောင်းကျေးရွာတို့တွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#mgy_apr2020

Sign Up

Upcoming Events