ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ (၁၆-၅-၂၀၁၆) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၄) လုံးပြိုလဲပျက်စီးခဲ့သောကြောင့် အဆိုပါအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁) အိမ်ထောင်လျှင် (၅၀၀၀၀/-) ကျပ်နှုန်းနှင့် (၂၀၀၀၀၀/-)ကျပ်တိတိနှင့် အမိုးလန်ပျက်စီးအိမ်ခြေ (၃၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၃၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) အိမ်ထောင်လျှင် (၂၀၀၀၀/-) ကျပ်နှုန်းနှင့် (၇၀၀၀၀၀/-)ကျပ်တိတိနှင့် လူဦးရေ (၁၉၆) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာဖိုးငွေ (၁၇၆၄၀၀/-)ကျပ်၊ စုစုပေါင်းငွေကျပ် (၁၀၇၆၄၀၀/-) အား မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ (၈-၆-၂၀၁၆) ရက်နေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးမှ သက်ဆိုင်ရာဘေးသင့်ပြည်သူများထံသို့ (၁၆-၆-၂၀၁၆) ရက်နေ့တွင် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)