လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့ ၊ (၀၇:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ ပခုက္ကူမြို့နယ်၊ မကျီးသုံးပင်ကျေးရွာအုပ်စု၊ မကျီးသုံးပင်ကျေးရွာ၊ သံဘိုကျေးရွာနှင့် သစ်ပုလွေကုန်းကျေးရွာများသို့ သွားရောက်အသိပညာ ပေးခြင်း နှင့် နေ့စဉ် (၁၉:၀၀)အချိန်မှ (၂၁:၀၀)အချိန်အထိ ပခုက္ကူမြို့ပေါ်ရပ်ကွက်များသို့ COVID -19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေး ပန်ကြားချက် များအား လှည့်လည်အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_apr2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)