လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀)ရက်နေ့၊ နံနက် (၀၈:၀၀) အချိန်မှ (၁၁:၃၀) အချိန်အထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးနှင့်အတူပူးပေါင်း၍ မြေကြမ်းတော ကျေးရွာအုပ်စုရှိ မြေကြမ်းတော ကျေးရွာ၊ ဂျုတ်ချောင်ကြီးကျေးရွာနှင့် ဂျုတ်ချောင်လေး ကျေးရွာတို့တွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_apr2020
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)