လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့တွင် (၁၀:၃၀) နာရီမှ (၁၇:၃၀) နာရီအထိ ညောင်ဦးမြို့ပေါ်ရှိ သီရိမင်္ဂလာရပ်ကွက်၊ သာယာဝတီရပ်ကွက်၊ သီရိပစ္စယာ ရပ်ကွက်၊ ရေဝင်ရပ်ကွက်၊ ဈေးတန်းမြောက်ရပ်ကွက်၊ မြို့မကွက်သစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃) စုမှ ရွာပေါင်း(၈) ရွာကို သွားရောက်၍ Covid-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့် စပ်လျဉ်းပြီး ပြည်သူတစ်ဦးချင်းစီအလိုက် နေ့စဉ်နေထိုင်ကြရမည့်ပုံစံ၊ လက်ကိုစနစ်တကျဆေးကြောရမည့်ပုံစံ၊ နှာချေ၊ ချောင်းဆိုးရာတွင် လိုက်နာရမည့်အချက်များ၊ mask အသုံးပြုရမည့်အချိန်များနှင့် စနစ်တကျ အသုံးပြုနည်းများအပါအဝင် ပြည်ပမှဝင်ရောက်လာသော မြန်မာနိုင်ငံသားများအနေဖြင့်လည်း သိရှိလိုက်နာရမည့်အချက်များကို လှည့်လှည်အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mdy_apr2020
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)