လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာအုပ်စု၊ ကဒုံကနိကျေးရွာတွင် နံနက် (၁၁:၀၀) နာရီအချိန်၌လည်းကောင်း၊ ထန်ပင်ကွင်းကျေးရွာတွင် (၁၃:၀၀) နာရီအချိန်၌လည်းကောင်း၊ ပိုးလောက်ကုန်းကျေးရွာတွင် (၁၆:၀၀) နာရီအချိန်၌လည်းကောင်း၊ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အသိပညာပေးနှိုးဆော်ခြင်းများကို မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူများ၊ ကျေးရွာရှိအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ပူးပေါင်း၍ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီး ပိုးသတ် ဆေးဖြန်းခြင်းလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)