Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး အများပြည်သူအား အသိပညာပေး လှည့်လည်​ဆောင်ရွက်ခြင်းပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့ (၀၉း၃၀) အချိန်မှ (၁၆း၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ ရွှေချီရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ ချင်းစုရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ ရန်အောင်(၁)ရပ်ကွက်၊ ရန်အောင်(၂)ရပ်ကွက်၊ ဥယျာဉ်စုရပ်ကွက်၊ တောင်သာရပ်ကွက်၊ ကံဦးရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ယောက်သွားအင်းရပ်ကွက်များအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

#ar
#npt_apr2020

Sign Up

Upcoming Events