
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖရူဆိုမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ လောခုခူကျေးရွာ၊ ကေးလျားကျေးရွာအုပ်စု၊ ဒေါဗျားကူးကျေးရွာ၊ ဒေါတကလဲကျေးရွာ၊ ကေးလျားကျေးရွာ၊ ထီဗျားညေကျေးရွာရှိ မိဘပြည်သူများအား COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာရန်အချက်များအား (၈.၄.၂၀၂၀) ရက်နေ့တွင် အသိပညာဖြန့်ဝေခဲ့ ပါကြောင်း သတင်းရရှိပါသည်။
#ar
#kyh_apr2020
Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)