Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊   မိုင်းပျဉ်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ် နောင်ခိုက်ရွာသစ်ကျေးရွာနှင့် နမ်လီ ကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့် ပူးပေါင်း၍ ဗမာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် အသိပေးဟောပြောခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#shn_apr2020

Source:  မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events