လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ မြို့မ (၁) ရပ်ကွက်၊ မြို့မ (၂) ရပ်ကွက်၊ မြို့မ (၃) ရပ်ကွက်နှင့် မြို့မ (၄) ရပ်ကွက်အတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန် အချက်များအား ပြည်သူသို့ အသိပညာပေး နှိုးဆော်ခြင်းများ လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။