လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ နားဝိုင်ကျေးရွာအုပ်စု၊ နားဝိုင်ကျေးရွာနှင့် မော်ဟစ်ကျေးရွာများသို့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID-19 နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ပန်ကြားချက်အသိပညာပေးမှုအား လက်ကိုင်စကားပြောစက်ဖြင့် လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ar
#shn_apr2020
Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)