လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀)နေ့ (၁၃:၀၀)နာရီအချိန်တွင် ဝန်းသိုမြို့နယ်၊ နမ်းခန်းကျေးရွာအုပ်စု၊ ဘုံချောင်းရွာသို့ သောက်ရေသန့် အိမ်ထောင်စု (၁) စုလျှင် (၂၀)လီတာဆန့်ဘူးကြီး (၄)ဘူး စီဖြင့် အိမ်ထောင်စု(၇၀)စု၊ လူဦးရေ (၃၂၀)ဦးအတွက် ရေသန့်ဘူးကြီး စုစုပေါင်း (၂၈၀) အား ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_drg
#sgg_apr2020
Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)