Covid -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့တွင် (၈:၃၀)အချိန်မှ (၁၆:၃၀)အချိန်ထိ ကနီမြို့နယ်အတွင်းရှိ သမင်ခြံကျေးရွာ၊ မင်းမကျေးရွာ၊ အောင်မင်္ဂလာကျေးရွာ၊ သင့်ဝင်ကျေးရွာ၊ ချောင်းမ (ရ)ကျေးရွာ၊ ချောင်းမ (န)ကျေးရွာ၊ လင်ပုန်းရည်ကျေးရွာ၊ မိုးကောင်း (တ) ကျေးရွာများအတွင်း လှည့်လည်၍ အသံချဲ့စက်ဖြင့် Covid -19 ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာ ရန်အချက်များအား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ကျေးရွာခွဲတာဝန်ခံများနှင့်အတူ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါကြောင်းနှင့် ပြည်သူသို့ပန်ကြားချက်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါ သည်။
#ar
#sgg_apr2020
Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events