COVID- 19 ကာကွယ်၊ တားဆီးထိန်းချုပ် ကုသရေးဆိုင်ရာ ပြည်သူသို့ ပန်ကြားချက် အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့ တွင် မိုးမောက်မြို့နယ်၊ RC IDPs စခန်းအတွက် ဆပ်ပြာ(၂၃၁)၊ နှစ်ခြင်း IDPs စခန်းအတွက် ဆပ်ပြာ(၄၀၄) နှင့် ဗန်းမော်မြို့နယ်၊ ရောဘတ် IDPs စခန်းအတွက် ဆပ်ပြာ(၆၂၈)၊ စုစုပေါင်း IDPs စခန်း(၃)ခုအတွင်းသို့ လှည့်လည်၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID- 19 ကာကွယ်၊ တားဆီးထိန်းချုပ် ကုသရေးဆိုင်ရာ ပြည်သူသို့ ပန်ကြားချက်အသိ ပညာပေးမှုအား Hand Speaker များဖြင့် လှည့်လည်ဟောပြောခြင်းနှင့် အသိပညာပေး စာစောင်ကပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

#ar
#kcn_apr2020

Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events