COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ‌ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်အထိ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာစုစုပေါင်း (၂၅)ရွာသို့သွားရောက်၍  Covid-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူ တစ်ဦးချင်းစီအလိုက် နေ့စဉ်နေထိုင်ကြရမည့်ပုံစံ၊ လက်ကိုစနစ်တကျဆေးကြောရမည့်ပုံစံ၊ နှာချေ၊ ချောင်းဆိုးရာတွင် လိုက်နာရမည့်အချက်များ၊ mask အသုံးပြုရမည့်အချိန်များနှင့် စနစ်တကျ အသုံးပြု နည်းများ၊   Covid-19 ရောဂါ ကာကွယ်နိုင်ရန် ကျေးရွာ၊ ရပ်ကွက်နှင့် ဈေးအတွင်းရှိ ဈေးဆိုင်များမှ လိုက်နာ ရမည့်အချက်များအပါအဝင် ပြည်ပမှဝင်ရောက်လာသော မြန်မာနိုင်ငံသားများအနေဖြင့်လည်း သိရှိလိုက်နာ ရမည့်အချက်များကို လှည့်လှည် အသိပညာပေးနိုးဆော်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။

#ar

#mdy_apr2020

Source:           ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

 

Sign Up

Upcoming Events