လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့တွင် ငဖဲမြို့၊ ကျောင်းတွင်းရပ်ကွက်၊ မြို့မရပ်ကွက်၊ ပဒါန်းကျေးရွာ၊ ပေါက်ရင်းကုန်းကျေးရွာ၊ ဆင်ချည်တိုင်ကျေးရွာ၊ ပန်းထိန်ကျေးရွာ၊ ပိုက်ကုန်းကျေးရွာ၊ သီပေါကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကျောင်းကုန်းကျေးရွာနှင့် သာစည်မြစိမ်းရောင်ကျေးရွာများအတွင်း Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ အသိပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#mgy_apr2020