လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၇-၄-၂၀၂၀) ရက်နေ့တွင် တောင်ပိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးမှူးရုံးတို့ပူးပေါင်း၍ သက်ဆိုင်ရာဌာနများနှင့်အတူ ခရမ်းမြို့နယ် /အမှတ်၁/၂/၃/၄/၅/၆/၇ရပ်ကွက် ကွမ်းမိုးဒိန် ရပ်ကွက်တို့တွင် မော်တော်ယာဥ်ဖြင့် အသံချဲ့စက်များတင်ဆောင်ကာ Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရန် ပြည်သူသို့အသိပညာပေးပန်ကြားချက်များ ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လက်ကမ်းစာစောင်များအား အရာထမ်း၊အမှုထမ်းများမှ ရပ်ကွက်များအတွင်း ကြော်ငြာခြင်း၊ ဖြန့်ဝေခြင်း စသည့် ပြည်သူအသိပညာပေးလုပ်ငန်းများအား သက်ဆိုင်ရာကျန်းမာရေးဌာန ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမီးသတ်ဦးစီးဌာနများနှင့်အတူ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ygn_apr 2020