COVID -19 ကူးစက်ရောဂါနှင့် ပက်သက်၍ အသိပေးခြင်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့ တွင် ဘိုကလေးမြို့နယ်၊ အေရာကျေးရွာအုပ်စု၊ အေရာကျေးရွာတွင်(၁၁:၀၀)နာရီ၌လည်းကောင်း ၊တောက်တာကုန်းကျေးရွာတွင် (၁၃:၀၀)နာရီ၌လည်းကောင်း ၊အုန်းပင်စုကျေးရွာ​တွင် (၁၅:၀၀) နာရီ၌လည်းကောင်း  Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များ နှိုးဆော်ခြင်းအား မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ ၊နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်သားများ၊  ကျေးရွာရှိအုပ်ချုပ်ရေးမှူး ၊ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေး‌‌ခြင်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

#ar

#ayy_apr2020

Source: ဘိုကလေးမြိုနယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events