COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှူးရုံးတို့ပူးပေါင်း၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊(၁/၂/၃/၅/၁၁/၁၂/၁၃/၁၄/၁၅/၁၆) ရပ်ကွက်တို့တွင်လည်းကောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အမှတ် (၁/၂/၃/၄/၅/၆/၇) ရပ်ကွက်၊ ကွမ်းမိုဒိန်ရပ်ကွက်များတွင်လည်းကောင်း Covid19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားသော ဥပဒေများကို လိုက်နာရန်အသိပေးကြေငြာချက်များအား ရပ်ကွက်များအတွင်း ကြော်ငြာခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ar
#ygn_apr2020

Sign Up

Upcoming Events