COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများထံ အသိပညာပေး ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ဘာဘူကုန်းကျေးရွာ၊ ကျုံစိန်ကျေးရွာ၊ သာယာကုန်းကျေးရွာနှင့် ကော့လင်းကျေးရွာများ၌ COVID-19 ကူးစပ်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန် ရှောင်ရန် အချက်များအား ပြည်သူသို့ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mon_apr2020
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events