လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မဘိမ်းမြို့နယ်၊ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ပူးပေါင်း၍ မဘိမ်းမြို့နယ်၊ မလှိုင်ကုန်းကျေးရွာ၊ ဘဟဲကျေးရွာ၊ ပွေးတူးကျေးရွာနှင့် မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာတို့တွင် (၇-၄-၂၀၂၀) ရက်နေ့၊ (၈:၀၀) နာရီမှ(၁၃:၀၀) နာရီအထိ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗွီနိုင်းပိုစတာ ဆိုင်းဘုတ်များ ကပ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_apr2020