လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀)ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပုံတပ်(၁)ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၃၂)လုံး၊ လူဦးရေ(၁၃၉)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စားဖိုးထောက်ပံ့ငွေ(၂၉၁၉၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး အိမ်ထောင်စု (၃၂) စုစာ နှင့် ခကြားဒေ(၁)ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး အိမ်ထောင်စု (၄) စုစာနှင့် လူဦးရေ (၁၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၉၉၀၀/-)ကျပ်အား (၇-၄-၂၀၂၀)ရက်နေ့တွင် မြေကျက်ဆူကျေးရွာသို့ သွားရောက်ထာက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#shn_apr 2020
Source: မိုင်းဆက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)