လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့၊ (၀၇:၀၀) နာရီအချိန်မှ (၁၃:၃၀)နာရီအချိန်ထိ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ အမှတ် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆) ရပ်ကွက်များသို့ သွားရောက်အသိပညာပေးခြင်းနှင့် နေ့စဉ် (၁၉:၀၀) နာရီအချိန်မှ (၂၁:၀၀) နာရီအချိန်အထိ ပခုက္ကူမြို့ပေါ်ရပ်ကွက်များသို့ COVID -19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ် ရေး ပြည်သူများသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_apr2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)