လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သီပေါမြို့နယ်၊ စယ်ခန်ကျေးရွာအုပ်စု၊ နားအုံကျေးရွာ၌ (၄-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးခဲ့သော နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၆၈၀ဝ/-) ကျပ်၊ လူဦးရေ (၆) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၁၂၆၀ဝ/-) ကျပ်တို့အား (၇-၄-၂၀၂၀) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် သီပေါမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများလက်၀ယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#shn_apr2020