လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲမြို့နယ် သိမ်ကုန်းကျောင်းနာယကဆရာတော်၊ BHN Association INGO (ဂျပန်) နှင့်ပူးပေါင်း၍ (၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာ၊ ညောင်ခြေထောက်ကျေးရွာနှင့် အင်တိုင်းကြီးကျေးရွာများအတွင်း လှည့်လည်၍ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပန်ကြားချက်များအား ပြည်သူလူထုထံသို့ အသိပညာပေး နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)