COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကျိုင်းတုံ-တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့ပေါ်ရပ်ကွက် (၃) တို့တွင် ပြည်သူများအား အသိပညာပေး ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့်ပူးပေါင်း၍ (၇-၄-၂၀၂၀) ရက်နေ့တွင် ကျိုင်းတုံ-တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့တွင်းသို့ အဝင်/အထွက်ယာဉ်လိုင်းများတွင် စီးနှင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့ပေါ်ရပ်ကွက် (၃) တို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်စေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်အလက်များအား အသိပညာပေးများ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_apr2020
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events