COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့တွင် ကသာခရိုင် ဗန်းမောက်မြို့ပေါ်ရှိ ရပ်ကွက်များဖြစ်သော ေအာင်သာကုန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ လွှစင်ကုန်း ရပ်ကွက်၊ မြနန္ဒာရပ်ကွက်တို့နှင့် စက်တောကျေးရွာတို့တွင် ပြည်သူများသို့ Covid-19 ရောဂါကူးစက် ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရန်များကို (၁၀:၀၀) နာရီအချိန်မှစ၍ အသိပေးကြေညာခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#sgg_apr2020

Sign Up

Upcoming Events