ပေါက်မြို့နယ်ရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေး ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိ ပေါက်မြို့နယ်၊ အိုင့်ကိုင်းအုပ်စု၊ ရေယာဉ်(တောင်)ကျေးရွာ၊ ရေယာဉ်(မြောက်)ကျေးရွာများအတွင်း လှည့်လည်၍ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်အလက်များအား အသိပညာပေးများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#mgy_apr2020

Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events