မီးဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၃-၄-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ မြို့ကြီးကျေးရွာအုပ်စု၊ မြေကျက်ဆူကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၁)လုံး မီးလောင်ဆုံးရှုံးခဲ့မှုကြာင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ် နှင့်ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ(၈၄၀၀/-)အား (၇-၄-၂၀၂၀)ရက်နေ့တွင် မြေကျက်ဆူကျေးရွာသို့ သွားရောက်ထာက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir
#sgg_apr 2020

Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events