COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနှင့် ပူးပေါင်း၍ (၆-၄-၂၀၂၀) ရက်နေ့ ည (၂၀:၀၀) နာရီအချိန်မှ စတင်ပြီး ဟင်္သာတမြို့နယ်၊ ဘုရားကြီးရပ်ကွက်အတွင်းရှိ အမှတ်(၁)လမ်း၊ (၂) လမ်း၊ (၃)လမ်း၊ (၄)လမ်းနှင့် ပတ္တမြားရပ်ကွက်အတွင်းရှိ လမ်းများတို့တွင် လှည့်လည်ပြီး လတ်တလော ဖြစ်ပွားလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့ကို ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#ayy_apr2020

Sign Up

Upcoming Events