လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆−၄−၂၀၂၀) ရက်နေ့တွင် မြိတ်မြို့နယ်၊ သမုတ်ကျေးရွာနှင့် လွတ်လွတ်ကျေးရွာတို့၌ COVID 19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းတို့အား ခရိုင် လူမှုဝန်ထမ်း၊ သမုတ်နယ်မြေ မီးသတ်စခန်း၊ ရပ်ကျေးအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)