COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့ နံနက်(၀၇:၀၀)အချိန်မှ စတင်ပြီး မကွေးမြို့နယ်၊ ကန်သာကြီးကျေးရွာနှင့် ကန်သာလေး ကျေးရွာများသို့လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန တို့နှင့် အတူပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ar
#mgy_apr2020

Sign Up

Upcoming Events