(Covid-19)လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးလှည့်လည်ကြေညာမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံးနှင့် လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာနတို့မှ တာ၀န်ရှိသူများပူးပေါင်း၍ (၆−၄−၂၀၂၀) ရက်နေ့၌ တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်ဝပ်ပြင်ကျေးရွာ၊ အောက်ကျောက်ဝပ်ကျေးရွာ၊ ကျောက်နီမော်ကျေးရွာ တို့တွင် လက်ကိုင်စပီကာများ၊ လော်စပီကာတို့ဖြင့် (Covid-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန် ထားသော (Covid-19) ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#tny_apr2020

Sign Up

Upcoming Events