လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ (၃-၄-၂၀၂၀) ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အုန်းပင်စုကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ၌လည်းကောင်း၊ (၁၃:၃၀)နာရီအချိန်တွင် ဖိုးဝင်းကျောင်းကျေးရွာ၌လည်းကောင်း၊ (၁၄:၃၀)နာရီအချိန်တွင် ခြောက်တဲကျေးရွာ၌လည်းကောင်း၊ (၁၅:၀၀)နာရီအချိန်တွင် ကံစုကျေးရွာ၌လည်းကောင်း၊ (၁၆:၀၀) နာရီအချိန်တွင် တရုတ်ကွင်းကျေးရွာ၌ လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)