လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ်၊ ဝမ်လင်း ကျေးရွာနှင့် ဝမ်ကောင်းအထက်ကျေးရွာ၊ ဝမ်ကောင်းအောက်ကျေးရွာ၊ ရွာသစ်ကျေးရွာတို့တွင် Covid-19ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ဗမာဘာသာ၊ ရှမ်းဘာသာ၊ လားဟူဘာသာ တို့ဖြင့် အသိပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_apr2020
Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)