လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများ၊ အလင်းရောင်ပရဟိတအသင်း၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် ပူးပေါင်း၍( ၄-၄-၂၀၂၀)ရက်နေ့ (၀၉:၀၀)နာရီမှ(၂၀:၀၀)နာရီအထိ ပျော်ဘွယ်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၁၄)စု၊ရပ်ကွက်/ကျေးရွာပေါင်း(၅၀)ရွာတို့အား Covid-19 ကူးစက်ရောဂါ နှင့် ပတ်သက်၍ အများပြည်သူ အလွယ်တကူ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက် များကို အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)