လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့ (၀၇:၀၀)အချိန်မှ (၁၃:၃၀)အချိန်ထိပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာအုပ်စု၊ ဝါးကျွန်းတွင်းကျေးရွာ၊ မကျည်းတန်းကျေးရွာ၊ အင်းဘတ်ကျေးရွာ၊ ကျတ်ထိုးကျေးရွာအုပ်စု၊ အုန်းတောကျေးရွာ၊ ကျတ်ထိုးကျေးရွာ၊ အနောက်ကုန်းကျေးရွာနှင့် ကျပ်ပြည့်ကျေးရွာများသို့ သွားရောက်အသိပညာပေးဟောပြောခြင်းနှင့် နေ့စဉ် (၁၉:၀၀)အချိန်မှ (၂၁:၀၀)အချိန်အထိ ပခုက္ကူမြို့ပေါ်ရပ်ကွက်များသို့ COVID -19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ဟောပြော ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)