လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ်အုပ်ချုပ် ရေးမှူး၊ မြို့နယ်ရဲမှူး၊ ကျေးလက်ကျန်းမာရေး၊ မြို့နယ်ပြန်ဆက်၊ မြို့နယ်ကြက်ခြေနီတို့နှင့် ပူးပေါင်း၍ (၄-၄-၂၀၂၀) ရက်နေ့၊နံနက်(၉)နာရီမှစ၍ မိုင်းဖြတ်မြို့နယ်၊ နမ့်ကုန်းကျေးရွာ၊ ခတ်တန်ကျေးရွာတို့တွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် လိုက်နာ ရန်၊ ဆောင်ရွက်ရန်များ ပြည်သူသို့ပန်ကြားချက်များကို မြန်မာ၊ ရှမ်း (၂) ဘာသာတို့ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)