လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၄-၂၀၂၀)ရက်နေ့ (၁၃:၀၀)ချိန်မှ(၁၇:၃၀)ချိန်ထိ မိုးကောင်းမြို့၊ရွာသစ်ရပ်ကွက်၊ နန့်ရင်းရပ်ကွက်၊ အရှေ့ရပ်ရပ်ကွက်နှင့် အလယ်ရပ်ရပ်ကွက်တို့တွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်း စာစောင်များ ဝေငှခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)