COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ပိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးမှူးရုံးတို့နှင့်ပူးပေါင်း၍ သက်ဆိုင်ရာဌာနများနှင့်အတူကော့မှူးမြို့နယ် ပြည်တော်သာရပ်ကွက်/တောင်ပိုင်းရပ်ကွက်/မြို့မရပ်ကွက်တို့တွင် မော်တော်ယာဥ်ဖြင့် အသံချဲ့စက်များတင်ဆောင်ကာ Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရန် ပြည်သူသို့အသိပညာပေးပန်ကြားချက်များ ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော လက်ကမ်းစာစောင်များအား အရာထမ်း၊အမှုထမ်းများမှ ရပ်ကွက်များအတွင်း ကြော်ငြာခြင်း ၊ဖြန့်ဝေခြင်း စသည့် ပြည်သူအသိပညာပေးလုပ်ငန်းများအား သက်ဆိုင်ရာကျန်းမာရေးဌာန ၊ အထွေထွေအုပ်ချုပ်​ရေးဦးစီးဌာနမီးသတ်ဦးစီးဌာနများနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#ygn_apr2020

Sign Up

Upcoming Events