COVID-19ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးဟောပြောခြင်း၊ လက်ကမ်း စာစောင်ဝေငှခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းများ ဆောင်ရွက်မှုသတင်း

(၃-၄-၂၀၂၀) ရက်နေ့၌ မြိတ်မြို့နယ်၊ ရေပုန်းနယ်မြေ အထက်ရေပုန်းရပ်၊ ငြိမ်းချမ်းရေးရပ်၊ အတွင်း ရေပုန်းရပ်တို့တွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးဆော်သြခြင်း၊ လက်ကမ်း စာစောင်ဝေငှခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့၊ရပ်ကျေးအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

#ar
#tny_apr2020

Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events